top of page

နှလုံးခုန်ထိန်းစက်တပ်ဆင်ခြင်း

၁) အမြဲတမ်းနှလုံးထိန်းစက်
မီးခြစ်ဆံဗူးအရွယ်အစားလောက်ရှိတဲ့ သေးငယ်တဲ့နှလုံးစက်ကို အရေပြားအောက်မှာထည့်သွင်း၍(အများအားဖြင့် ဘယ်(သို့)ညာ ညှပ်ရိုးအောက်) ဝါယာကြိုးကို သွေးကြောအတွင်းသို့ထည့်ကာ နှလုံးနဲ့ဆက်သွယ်ပေးပါတယ်။အများအားဖြင့် ထုံဆေးပေး၍ နှလုံးအထူးကုဆရာဝန်မှ လုပ်ဆောင်လေ့ရှိပြီး ၁-၂ နာရီခန့်ကြာမြင့်တတ်ပါတယ်။နှလုံးခုန်နှုန်းအလွန်နှေးနေပါက နှလုံးထိန်းစက်မှ နှလုံးကြွက်သားထံသို့လျှပ်စစ်လှိုင်းများထုတ်လွှတ်ကာ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။နှလုံးကောင်းစွာအလုပ်မလုပ်တဲ့သူတွေမှာဆိုရင် အထူးပြုလုပ်ထားတဲ့နှလုံးစက်ရဲ့ အကူအညီနဲ့

နှလုံးညာဘက်နဲ့ဘယ်ဘက်ပူးပေါင်းလုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေကာ အသက်ရှုမဝတာမျိုးတွေကို သက်သာစေနိုင်ပါတယ်။ယင်းကို နှလုံးပြန်လည်စည်းချက်ကျကုထုံးဟုခေါ်ဝေါ်၍ ပုံမှန်နှလုံးထိန်းစက် ထည့်သွင်းခြင်းထက်ပိုမိုရှုပ်ထွေးကာ ပြုလုပ်ရန်နာရီ အနည်းငယ်ကြာမြင့်တတ်ပါတယ်။


၂) နှလုံးနှိုးစက်
နှလုံးအထူးကုဆရာဝန်မှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှလုံးခုန်မမှန်တဲ့ လူနာတွေကို ထည့်သွင်းပေးတဲ့ ကိရိယာဖြစ်ပြီး ရုတ်တရက်သေဆုံးခြင်းကို အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။သုတေသနပြုလုပ်ချက်တွေအရ ဆိုးဆိုးရွားရွားနှလုံးရောဂါခံစားနေရတဲ့သူတွေမှာ နှလုံးနှိုးစက်အကူအညီနဲ့ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးနိုင်တဲ့အခြေအနေကို ကျော်လွှားနိုင်ကြောင်းသိရပါတယ်။ယင်းနှလုံးစက်ဟာ လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်း (သို့) လျှပ်စစ်ကြောင်းဖန်တီးခြင်းဖြင့် ပုံမှန်နှလုံးခုန်နှုန်းကို ရရှိအောင်စွမ်းဆောင်ပေးပါတယ်။နှလုံးထိန်းစက်ထည့်သွင်းတဲ့ပုံစံနဲ့

ဆင်တူပြီး နှလုံးခုန်နှုန်းနှေးသွားတဲ့အချိန်မှာလည်း ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

ယနေ့ပင်အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့်ရက်ချိန်းယူလိုက်ပါ။

Dr. Reginald Liew | Cardiology

MA (Camb), MBBS (Hons, UK), PhD (London) FRCP (UK), FESC (Europe), FACC (USA)

ဒေါက်တာ Liew သည် နှလုံးအထူးကုကထိကတစ်ဦးဖြစ်ပြီး နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးနှိုးစက်ထည့်သွင်းခြင်းများ၌ အလွန်ပင်တော်သော ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

ဒေါက်တာ Liew သည် နှလုံးခုန်နှုန်းမမှန်တဲ့ ပြဿနာတွေကို ကုသရာမှာ အလွန်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး အင်္ဂလန်မှာ ရှုပ်ထွေးတဲ့ နှလုံးခုန်ပြဿနာတွေကို ၃ဖက်မြင်စနစ်ဖြင့် ကုသနိုင်ဖို့အတွက် ပထမဦးဆုံး ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

အထူးပြုအခွဲ

နှလုံးစက်တပ်ခြင်း - နှလုံးခုန်မမှန်ခြင်းများကို ကုသ၍ နှလုံးနှိုးစက်ထည့်သွင်းခြင်း

Dr. Peter Ting | Cardiology

 

MBBS, MRCP (UK), MPH (Harvard), FACC, FAsCC, FAMS

ဒေါက်တာ Ting သည် နှလုံးအထူးကုကထိကတစ်ဦးဖြစ်ပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း နှလုံးအဆို့ရှင်ပုံမမှန်မှုများနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို အထူးပြုထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ထို့ပြင် တိုးတက်မှုအားနည်းတဲ့ နှလုံးသွေးကြောရောဂါရှင်များအတွက် လူနေမှုဘဝနဲ့ပတ်သက်တဲ့ကုသမှုပုဒ်များ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးရောဂါ သွေးတွင်းအဆီဓာတ်များခြင်း ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတွေအတွက် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းဖြင့် ဆေးသောက်သုံးရမှုကို လျော့ချနိုင်ခြင်းစတဲ့ ဘာသာရပ်များကိုပါ လေ့လာ၍ လူနာများကို အကောင်းဆုံးလမ်းညွှန်မှုတွေပေးနေပါတယ်။

ယနေ့ပင်အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့်ရက်ချိန်းယူလိုက်ပါ။

ဆက်သွယ်ရန်

၀၉ ၇၉၂၈၈၈၆၁၁

admin@ulinkmyanmar.com

အခန်း-၃၁၂(အေ) မဟာနဝရတ်ကွန်ဒို ၅၁လမ်း (အောက်) ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့။တနင်္လာ-သောကြာ (၉နာရီ - ၆နာရီ)

Monday - Friday, 9am - 6pm

bottom of page