နှလုံးသွေးကြောကျဉ်းခြင်း(သို့)ပိတ်ခြင်းကို နှလုံးသွေးကြောချဲ့ခြင်းနည်းဖြင့် ကုသနိုင်ပြီး ရောဂါဝေဒနာတွေ (ရင်ဘတ်အောင့်ခြင်း အသက်ရှုမဝခြင်း) ကိုလည်းသက်သာစေနိုင်ပါတယ်။နှလုံးသွေးကြောဓာတ်မှန်ရိုက်တာနဲ့ဆင်တူတယ်လို့လည်း လူနာအများစုက အထင်ရှိကြပါတယ်။သွေးခဲတာကို ကာကွယ်ဖို့အတွက် သွေးကျဲဆေးကိုကြိုပေးထားဖို့လိုပါတယ်။ကျုံ့နိုင်ဆန့်နိုင်တဲ့ ပိုက်ပျော့တစ်ခုကို ပေါင်မှာရှိတဲ့သွေးကြောကတဆင့်
နှလုံးသွေးကြောကျဉ်းနေတဲ့နေရာထိရောက်အောင် ထည့်သွင်းပါတယ်။ထို့နောက် နှလုံးအထူးကုဆရာဝန်သည် ၎င်းပြွန်မှတဆင့် အလွန်သေးငယ်တဲ့ဝိုင်ယာကြိုးကို ထပ်မံထည့်သွင်း၍ သွေးလွှတ်ကြောထိပ်ကိုရောက်ပါက ဘောလုံးအသေးလေးကို ဝါယာကြိုးမှ တဆင့်ကျဉ်းနေတဲ့ နေရာကို ရောက်စေပါတယ်။အထူးပြုလုပ်ထားတဲ့လေမှုတ်ကိရိယာဖြင့် ဘောလုံးကိုလေမှုတ်သွင်းကာ ဘောလုံးရဲ့ဖိအားမှတဆင့် သွေးကြောကို ဖိအားသက်ရောက်စေပြီး ဆွဲဆန့်လိုက်ပါတယ်။ပိတ်ဆို့နေတဲ့အရှည်နဲ့ကယ်လ်ဆီယမ်ပမာဏပေါ်မူတည်ပြီး သုံးတဲ့ဘောလုံးအမျိုးအစားတွေကလည်းမတူပါဘူး။ထို့နောက် ဆွဲဆန့်ထားတဲ့သွေးကြောနေရာကို သွေးကြောချဲ့ကိရိယာထည့်သွင်းဖို့နှလုံးဆရာဝန်မှ ကြိုးစားပါလိမ့်မယ်။သွေးကြောချဲ့ကိရိယာမှာသုတ်လိမ်းထားတဲ့ ဆေးတစ်မျိုးဟာဆိုရင် အမာရွတ်ဖြစ်နိုင်ချေနဲ့ သွေးကြောပြန်ကျဉ်းနိုင်ချေကို လျှော့ချပေးကာ ရောဂါဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဘယ်လိုသွေးကြောချဲ့ကိရိယာမျိုးနဲ့ အသင့်တော်ဆုံးလဲဆိုတာကတော့ ဆရာဝန်မှဆုံးဖြတ်ပါလိမ့်မယ်။ကုသမှုအစဆုံးကို ဓာတ်မှန်ဖြင့်ဆက်တိုက်ကြည့်နေပြီးတော့ သူနာပြုဆရာမတွေ ဓာတ်မှန်ကျွမ်းကျင်တွေပါဝင်တဲ့ အဖွဲ့ရဲ့အကူအညီလည်းများစွာလိုအပ်ပါတယ်။သွေးကြောကျဉ်းနေတာကို ကုသပြီးပြီဆိုပါက လက်ကောက်ဝတ် (သို့) ခြေထောက်မှာထည့်ထားတဲ့ပြွန်ကိုဖယ်ထုတ်ကာ အပေါက်ကိုပြန်ပိတ်ပေးပါတယ်။သွေးကြောချဲ့တဲ့ကုသမှုကိုခံယူဖို့ ဆေးရုံမှာ တစ်ညလောက်နေဖို့လိုအပ်ပါတယ်။နောက်တစ်နေ့မှာတော့ ECG
ဖြင့်နှလုံးစစ်ဆေးခြင်းနဲ့ အခြားစစ်ဆေးမှုမျိုးပြုလုပ်ကာ ဘာမှပြဿနာမရှိဘူးဆိုပါက နောက်တစ်ရက်မနက်စောစောမှာပင် အိမ်ပြန်လို့ရပါတယ်။
ဒေါက်တာ Khurana သည် နှလုံးရောဂါအထူးကုကထိက တစ်ဦးဖြစ်ပြီး သွေးကြောဆိုင်ရာရောဂါများ သွေးတိုးရောဂါနဲ့ သွေးကြောချဲ့ခြင်းအတွက် ကုထုံးများကို အထူးပြုစိတ်ဝင်စားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
အထူးပြုအခွဲ
သွေးကြောပုံရိပ်ဖော်ဓာတ်မှန်နှင့် ဒဏ်ရာအသေးဆုံးနည်းဖြင့် သွေးလွှတ်ကြောပိတ်ဆို့ခြင်းများကို ဖယ်ရှားခြင်း။