နှလုံးအဆို့ရှင်တွေဟာ နှလုံးအတွင်းတည်ဆောက်ပုံမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး သွေးပြောင်းပြန်စီးဆင်းမှုကို ဟန့်တားပေးပါတယ်။ အဆို့ရှင်မလုံတာတွေ ကျဉ်းနေတာတွေက ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်စဉ်တွေမှာဆိုရင်တော့ အဆို့ရှင်အစားထိုးဖို့လိုအပ်တတ်ပြီး အချို့သူတွေကတော့ အသစ်အစားထိုးဖို့မလိုဘဲ ရှိနေတဲ့ အဆို့ရှင်ကိုပဲ ပြုပြင်ဖို့လိုအပ်ပါတယ်။ အကယ်၍အစားထိုးဖို့လိုအပ်ပါက သတ္တု၊ ပလတ်စတစ် (သို့) တိရစ္ဆာန်မှ ထုတ်ယူထားတဲ့ ပစ္စည်းစတာတွေနဲ့ အထူးပြုလုပ်ထားတဲ့ အဆို့ရှင်နဲ့ အစားထိုးပေးပါတယ်။ နှလုံးအဆို့ရှင်အစားထိုးခြင်းဟာ အရေးကြီးတဲ့ခွဲစိတ်မှုတစ်ခုဖြစ်၍ ဆေးရုံမှာတစ်ပတ်ခန့်နေဖို့လိုပြီး ပုံမှန်အတိုင်းလှုပ်ရှားသွားလာနိုင်ဖို့ အချိန် ၆ပတ်မှ ၈ပတ်အထိကြာမြင့်တတ်ပါတယ်။
ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်း
ပင်မသွေးလွှတ်ကြောအလွန်အမင်းကျဉ်းနေတဲ့လူနာတွေဟာ ပုံမှန်ခွဲစိတ်မှုမျိုးပြုလုပ်ဖို့ရာ မသင့်တော်တဲ့အပြင် အန္တရာယ်လည်းများတဲ့အတွက် အရေပြားဒဏ်ရာရမှုအနည်းဆုံးဖြစ်တဲ့ ပြွန်ကိုအသုံးပြု၍ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်းကို လုပ်ဆောင်ဖို့လိုပါတယ်။ ပေါင်ခြံ သို့ ရင်ဘတ်ရှိ ၆-၈ စင်တီမီတာရှိတဲ့ ဓားအရာထဲသို့ တစ်ရှူးအဆို့ရှင်ကို ဘောလုံးပြွန်နဲ့အတူထည့်လိုက်ပါတယ်။ ဆရာဝန်သည် နှလုံးဓာတ်မှန်နဲ့ မှန်ပြောင်းအကူအညီကိုယူ၍ အဆို့ရှင်လမ်းကြောင်းကိုကြည့်နေပါတယ်။ ရောဂါဖြစ်နေတဲ့ နေရာကိုရောက်တဲ့အခါ ကျဉ်းနေတဲ့အဆို့ရှင်နေရာမှာ အသစ်တစ်ခုကိုအစားထိုးပေးပါတယ်။ ဒီနည်းလမ်းဟာ နှလုံးကို ဖွင့်စရာမလိုတဲ့အတွက် လူနာကိုဒဏ်ရာရမှုနည်းစေတဲ့အပြင် နလန်ထချိန်တိုတောင်း၍ ဆေးရုံမှာလည်း အကြာကြီးနေဖို့မလိုပေ။ ဒါပေမယ့် ဒီနည်းလမ်းဟာအသစ်ဖြစ်တဲ့အတွက် ရေရှည်မှာ ရနိုင်တဲ့ အကျိုးရလဒ်တွေကိုတော့ သေချာမသိသေးပါဘူး။
Dr. Peter Ting | Cardiology
MBBS, MRCP (UK), MPH (Harvard), FACC, FAsCC, FAMS
ဒေါက်တာ Ting သည် နှလုံးအထူးကုကထိကတစ်ဦးဖြစ်ပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း နှလုံးအဆို့ရှင်ပုံမမှန်မှုများနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို အထူးပြုထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ထို့ပြင် တိုးတက်မှုအားနည်းတဲ့ နှလုံးသွေးကြောရောဂါရှင်များအတွက် လူနေမှုဘဝနဲ့ပတ်သက်တဲ့ကုသမှုပုဒ်များ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးရောဂါ သွေးတွင်းအဆီဓာတ်များခြင်း ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတွေအတွက် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းဖြင့် ဆေးသောက်သုံးရမှုကို လျော့ချနိုင်ခြင်းစတဲ့ ဘာသာရပ်များကိုပါ လေ့လာ၍ လူနာများကို အကောင်းဆုံးလမ်းညွှန်မှုတွေပေးနေပါတယ်။