top of page
myanmar-2494826_1920.jpg

မြန်မာနိုင်ငံတွင်ဆေးကုသမှုခံယူရန်အတွက် သင့်အာမခံအား အသုံးပြုပါ

csm_logo_mgen_groupe_vyv_84cdc361aa_edit
untitled-2.png
asian-family-png-1.png

ငွေသားကိုင်ဆောင်မှုမလိုဘဲ ဆေးကုသမှုခံယူလိုက်ပါ

ဆေးကုသမှု လုပ်ငန်းစဉ်တလျှောက် ကုန်ကျစရိတ်များကို မိုဘိုင်းဖုန်းအသုံးပြု၍ အပြည့်အဝ ပြန်လည်ရယူလိုက်ပါ။

ကျွန်တော်တို့၏ ယုံကြည်စိတ်ချရသော စီးပွားရေး မိတ်ဖက်များ

ယူလင့်ခ်အဖွဲ့ဝင် ထိပ်တန်းဆေးရုံများတွင် ဦးစားပေး စီစဉ်ဆောင်ရွက်မှုများ ရယူခံစားလိုက်ပါ။

Ulink Panel of Top Hospitals

Parami General Hospital

Grand Hantha Hospital

Asia Pacific Medical & Dental Centre

Pathlab Diagnostic

Centre

Asia Royal Hospital

Kembangan Yangon UHC Hospital

Kembangan Yangon -

Thuwunna

Kembangan Mandalay

Aesthetic & Wellness

Centre

Picture2.jpg
Picture1.png

Leo Medicare

Bumrungrad International Clinic Yangon

Picture3.jpg

International Emergency Services (IES)

Samitivej International Clinic

Yangon International Clinic

GSI Home Medicare Services

Global Care International Clinic

Treatment and Claims

ဆေးခန်း/ဆေးရုံသို့သွားရောက်ပြသလိုပါသလား? လုပ်ဆောင်ရန်

ယူလင့်​ခ်​အဖွဲ့ဝင်​​ဆေးခန်း/​ဆေးရုံများ၌ ပုံမှန်​​ဆေးကုသမှုခံယူခြင်း

Frequently Asked Questions
  • ၁) မိမိရဲ့ ဆေးကုသမှုအတွက် အာမခံဝယ်ယူထားမှုဟာ အကျုံးဝင်ပါသလား?
    ဆေးခန်း (သို့) ဆေးရုံသို့ မသွားရောက်မီ ယူလင့်ခ်မြန်မာulink@mhcasia.com သို့ အောက်ပါ အချက်အလက်များကို ပေးပို့ပါ။ - အမည် - မှတ်ပုံတင်အမှတ် - အာမခံနံပါတ် (သို့) ကုမ္ပဏီအမည် - ဆေးခန်းပြရခြင်းအကြောင်းအရင်း - မည်သည့်ခွဲစိတ်မှု (သို့) လုပ်ဆောင်မှုကို ပြုလုပ်မည်နည်း (ဖော်ပြနိုင်လျှင်) အာမခံကုမ္ပဏီ(သို့) ယူလင့်ခ်မြန်မာမှ အာမခံအကျုံးဝင်မှု ရှိမရှိကို ၄၈ နာရီအတွင်း အကြောင်းပြန်ပေးပါမည်။ အရေးပေါ်စုံစမ်းမှုများအတွက် +959952108822 ကိုခေါ်ဆိုပါ။
  • ၂) ယူလင့်ခ်အဖွဲ့ဝင်ဆေးခန်း/ဆေးရုံတွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံတွေရဲ့ ကွာခြားချက်က ဘာတွေလဲ?
    အဖွဲ့ဝင်ဆေးခန်း/ ဆေးရုံများကို ယူလင့်ခ်မြန်မာမှ အာမခံစာထုတ်ပေးနိုင်ပါတယ်။ ဆိုလိုသည်မှာ အကယ်၍ဆေးကုသမှုခံယူမယ့် အခြေအနေဟာ အာမခံအကျုံးဝင်ပါက ဆေးခန်း/ဆေးရုံတွေကို ဘာမှပေးစရာမလိုပါဘူး။ ကုန်ကျစရိတ်ကို ဆေးခန်း/ဆေးရုံတွေက ယူလင့်ခ်ထံမှ တောင်းခံမှာဖြစ်ပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံတွေကို ယူလင့်ခ်မြန်မာမှ အာမခံစာထုတ်ပေးနိုင်ခြင်း မရှိပါဘူး။ အကယ်၍ ယူလင့်ခ်အဖွဲ့ဝင်မဟုတ်တဲ့ ဆေးခန်း/ဆေးရုံကို သွားရောက်ခဲ့ပါက ကျသင့်ငွေကို ဦးစွာရှင်းခဲ့ရပါမယ်။ ၎င်းနောက်တွင်မှ MHC အက်ပလီကေးရှင်းကို အသုံးပြု၍ ငွေတောင်းခံလွှာကို တင်သွင်းပေးရမှာဖြစ်ပါတယ်။
  • ၃) အဖွဲ့ဝင် ဆေးခန်း/ဆေးရုံတွေမှာ ကုသမှုကို ဘယ်လိုခံယူနိုင်ပါသလဲ?
    အရေးပေါ်မဟုတ်တဲ့ အခြေအနေ တွေမှာဆိုရင် ယူလင့်ခ်မြန်မာ +959952108822 သို့ ဖုန်းခေါ်ဆို၍ အာမခံစာထုတ်ပေးရန် ဆောင်ရွက်နိုင်ပါတယ်။ အာမခံစာဆိုတာ ကုန်ကျစရိတ်ကို လူနာထံမှမဟုတ်ဘဲ ယူလင့်ခ်မှတောင်းခံနိုင်ရန် ဆေးခန်း/ဆေးရုံများကို အသိပေးသောအကြောင်းကြားစာ တစ်ခုပဲဖြစ်ပါတယ်။ ယူလင့်ခ်မှ အချက်အလက်များကို စိစစ်ပြီးနောက် ဆေးခန်းနှင့် လူနာထံသို့ အာမခံစာကို ပို့ပေးပါမည်။ အာမခံစာမိတ္တူကို ဆေးခန်း/ဆေးရုံ ဧည့်ကြိုကောင်တာ၌ ပြသခြင်းဖြင့် ကုန်ကျစရိတ်စာရင်းစာရွက်ကို ယူလင့်ခ်မြန်မာထံသို့သာ ပေးပို့ပါတော့မည်။ အရေးပေါ်အခြေအနေဆိုပါက အနီးဆုံးအဖွဲ့ဝင် ဆေးခန်း/ဆေးရုံသို့သွားရောက်ကာ အာမခံကတ်ပြားကို ပြသ၍ ယူလင့်ခ်ကို ဆက်သွယ်ပေးရန် ပြောဆိုပါ။ ထို့နောက် ကုသမှုကို ဆက်လက်ခံယူနိုင်ပြီး ကုန်ကျစရိတ်စာရင်းကိုမူ ဆေးခန်းမှ ယူလင့်သို့သာ ပေးပို့မည်ဖြစ်ပါတယ်။
  • ၄) ငွေတောင်းခံလွှာကို ဘယ်လိုတင်သွင်းရမလဲ?
    ငွေတောင်းခံလွှာကို မတင်သွင်းမီ အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ပါ။ - ကုန်ကျစရိတ်စာရင်း မူရင်းစာရွက်များအားလုံး - ငွေတောင်းခံလွှာပုံစံကို ပြည့်စုံအောင်ဖြည့်စွက်ပါ။ (ဤနေရာ၌ရယူနိုင်ပါတယ်။) ပြင်ပလူနာ အမေရိကန်ဒေါ်လာ ၁၀၀ အတွက် ငွေတောင်းခံခြင်း - MHC အပ်ပလီကေးရှင်းကို အသုံးပြု၍ စာရင်းစာရွက်ဓာတ်ပုံများနဲ့ အတူ ငွေတောင်းခံလွှာကို တင်သွင်းပါ။ ပြင်ပလူနာ အမေရိကန်ဒေါ်လာ ၁၀၀ နှင့် အတွင်းလူနာများအတွက် ငွေတောင်းခံခြင်း - MHC အပ်ပလီကေးရှင်းကို အသုံးပြု၍ တင်သွင်းရုံသာမက ယူလင့်ခ်မြန်မာ (အမှတ် ၃၁၂ (အေ) ၅၁ လမ်း (အောက်) မဟာရဝရတ်ကွန်ဒို ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့) သို့ မူရင်း စာရင်းစာရွက်များနဲ့ ငွေတောင်းခံလွှာပုံစံကို ပေးပို့ရမှာဖြစ်ပါတယ်။
  • ၅) ငွေတောင်းခံခြင်းနဲ့ ပတ်သက်ပြီးအခြေအနေကို ဘယ်လိုသိရမလဲ?
    MHC အပ်ပလီကေးရှင်းကို ဝင်ရောက်၍ ငွေတောင်းခံထားတဲ့ အခြေအနေကို စစ်ဆေးနိုင်ပါတယ်။ အခြားစုံစမ်းမေးမြန်းလိုသည်များရှိပါက +959952108822 သို့ ဖုန်းခေါ်ဆို၍ မေးမြန်းနိုင်ပါတယ်။

MGEN အာမခံ ဝယ်​ယူထား​သော အဖွဲ့ဝင်​များဆက်​သွယ်​ရန်

ဖုန်း : ၀၉၆၆၁၁၀၈၈၂၂

 

အီး​မေးလ် :claims@ulinkmyanmar.com

 

လိပ်​စာ : အခန်း - ၃၁၂ (​အေ)၊ မဟာနဝရတ်​ကွန်​ဒို၊ ၅၁လမ်း (​အောက်​)၊ ဗိုလ်​တစ်​​ထောင်​မြို့နယ်​၊ ရန်​ကုန်​မြို့။

csm_logo_mgen_groupe_vyv_84cdc361aa_edit
untitled-2.png
Contact Details
bottom of page